Open Point of Sale System – Myanmar (PHP)

prnscr

ဒီရက်ပိုင်း Post အသစ် မတင်ဖြစ်တာကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ကာ မီးပျက်ရခြင်း (အဲလေ) Project တစ်ခု စမ်းသပ်နေလို့ပါ။ လိုအပ်ချက် တခုကြောင့် Point Of Sale System နဲ့ပတ်သက်ပြီး လေ့လာနေလို့ပါ။ Notes အနေနဲ့ပဲ ဆိုတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ အခြေခံ Linux knowledge, Apache, MySQL, PHP နဲ့ shell command တွေ သိထားဖို့လိုပါတယ်။ လိုအပ်တာနဲ့ ထိရောက်တဲ့ cofig ဖိုင်တွေကို ချပြပေးသွားပါမယ်။ ပီးတော့ Open source ဖြစ်တဲ့အတွက် မူရင်း English version နဲ့ ကျွန်တော် Modify လုပ်ထားတဲ့ မြန်မာ version ကိုပါ လင့်မှာ တင်ပေးပါ့မယ်။

Thanks & Credit to *Developer* …

Def: of Point of Sale System

                  Point of Sale System ကို စူပါမားကတ်တွေ၊ ဈေးဆိုင်တွေမှာသုံး ကျပါတယ်။ တော်တော်များကတော့ License နဲ့ဟာတွေဖြစ်ပါတယ်။ နိုင်ငံခြား အရည်အသွေးမြင့် တော်တော်များများရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကောင်းပေ့၊ ဆိုပေ့ ဆိုပြီး အသုံးပြုနေကျတာတော်တော်များ ရှိပါတယ်။ အဓိကကတော့ သူတို့ကို မကြိုက်လို့ စမ်းသုံးကြည့်ချင်တဲ့ လူများအဖို့ပါ။ ပိုက်ဆံလည်းမကုန်ပါ။ ၀ယ်သုံးတဲ့ အတိုင်း Feature တွေ စုံပါတယ်။

ကဲ .. စတင်ကြပါစို့။ ဥပမာပေါ့ဗျာ… ကျွန်တော်က စတိုးဆိုင်တစ်ခု ကို လုပ်ပေးဖို့ တာဝန်ကျတယ်။ အဲဒီဆိုင်မှာ ပစ္စည်းတွေက စုံတယ်။ အများကြီးဘဲ။ အဲတာ ကို စုပီး မှတ်ထားဖို့က စာရင်းလုပ်ထားဖို့လိုတယ်။ ကွန်ပျုတာမှာလည်း အဲ့လို့ပဲ။ အဲဒီအတွက် Database Server တော့လိုတယ်။ ပြီးတော့ အခုလုပ်မဲ့ဟာက browser base ဖြစ်တဲ့အတွက် Web Server လည်း လိုတယ်။ အဲဒီတော့ သွင်းရမှာပေါ့ ဗျာ 😀 ။ ကျွန်တော်က တော့ XAMPP ဘဲ အားကိုးလိုက်ပါတယ်။ ကြိုက်တဲ့ဟာ သွင်းချင်လည်း သွင်းပါ။ browser ကိုပြောတာနော်။ ကိုယ့်လူ .. ။

၁။ ပစ္စည်းတွေကို သိမ်းဆည်းမှတ်ဖို့ရာ  db လိုတယ်။ အဲ့ဒီအတွက် MySQL

၂။ MySQL ထဲမှာ DB တစ်ခုအရင်ဆောက်။ ကျွန်တော်ကတော့ pos လို့ပေးတယ်။

၃။ ဒေါင်းထားတဲ့ဟာကို ဖြည်ပြီး opensourcepos\database အောက် database.sql ကို Execute လုပ်ပေးပါ။

၎။ ကျန်တဲ့ opensourcepos အောက်က ဖိုင်တွေကို Web Server ဆီ Upload လုပ်မယ်။

၅။ opensourcepos\application\config\database.php.tmpl ကို database.php ဆိုပီး rename လုပ်ပေးပါ။

၆။ ပြီးရင် notepad နဲ့ပဲ ဖြစ်ဖြစ်၊ Linux သမားဆိုရင် nano နဲ့ပဲဖြစ်ဖြစ် database.php ကို ခေါ်တင်ပြီးတော့ database name, username, password တွေကို ချိတ်ဆက်ဖို့ အတွက် ထည့်သွင်းပေးပါ။ save မှတ်ပါ။ ဒါမှ MySQL db ကိုချိတ်ဆက်မှုရမှာပါ။

၇။ Browser ထဲကနေ localhost  ကို ခေါ်ကြည့်လိုက်ပါတော့ ။

ဒါဆိုရင် ပြီးပါပြီ။

မူရင်း sourceforge ကနေ ဒေါင်းလည်း ရပါတယ်။

http://sourceforge.net/projects/opensourcepos/

မြန်မာ version ကတော့ အခု Post ရေးနေတဲ့အချိန်အတွင်းမှာ Login Page အထိပဲ

ရွှိုင်းထားရပါသေးတယ်။ အလုပ်လည်း တဖက်မို့ပါ။ နောက်အချိန်ရရင် zip ပြန်ချုံ့ပီး  လင့်ခ်ပေးသွားပါမယ်။