How to Fix *No More Connection error* on XP SP2~!

No more# ကျွန်တော်တို့ Windows XP သုံးပြီး Network Sharing လုပ်ကျတဲ့အခါမှာ ဒီလိုမျိုး error  ကို ကြုံဖူးကျမှာပါ။

# ဥပမာ အင်တာနက်ဆိုင် တစ်ဆိုင်ပေါ့။ Client ၁၅လုံးရှိတယ်ဆိုပါစို့။ ၁လုံးမှာ Cafe Management Server နဲ့ လာသုံးတဲ့သူတွေ အပျင်းပြေအောင် MTV, Small Game, MP3 အစရှိသဖြင့် Share ထားတက်ကြပါတယ်။

# ကျန် ၁၄လုံးဆီကို Map Network Drive ပုံစံမျိုးနဲ့ Desktop မှာ တင်ပေးထားလေ့ ရှိပါတယ်။

# ဆိုင်က လူကျ လာပါပြီ။ ချစ်သူများနေ့ဆိုပါတော့။ စက်အပြည့်ပေါ့။ လူတိုင်းက အင်တာနက်သုံးရင်းနဲ့ အပျင်းပြေ သီချင်းနားထောင်မယ်၊ zuma ဆော့မယ်၊ MTV ကြည့်မယ်၊ ဘာဘာညာညာနဲ့ Server ဆီက Resource ကိုလှမ်းသုံးပါပြီ။

# ကဲ…အဲ့မှာကိုယ်ထိုင်ထားတဲ့ Server က NOS ကလဲ မဟုတ်ပြန်။ ရိုးရိုး XP ဆိုရင်တော့ အပေါ်က error မျိုးပေါ်ရင် ဒုက္ခနဲ့ လှလှ နဲ့ စတွေ့ပါပြီ။

# DOS ဖြစ်တဲ့ XP ကို စတင်ရေးစဉ်ကတည်းက maximum Concurrent connection ကို ၁၀ ဆိုပီး ထည့်ရေးပေးလိုက်ပါတယ်။ အဲတာကြောင့် A+, Networking သင်တန်းတွေမှာ workgroup ချိတ်ရင် ၁၀ လုံးထက်(သို့) ၁၀လုံးထက်မပိုဘူးလို့ သင်ခဲ့ရကြပါတယ်။

# အဲဒီ error ကို ဒီ Patcher လေးနဲ့ ဖြေရှင်းလို့ရပါတယ်။ file ကတော့ TCPIP.SYS ဆိုတဲ့ ဖိုင်လေးပါ။

Credit to: : http://www.lvllord.de/

Download Here: : http://www.lvllord.de/download.php?url=en/EvID4226Patch223d-en.zip

# Maximum Concurrent Connection ကို 10 to 16,777,214 ထိ Change Limit သတ်မှတ်ပေးလို့ရပါတယ်။

#ံHacker နဲ့ Cracker သမားတွေကို ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ရမှာတော့ အမှန်ပါပဲ 🙂

Advertisements

How to install Zawgyi Keyboard Layout on Ubuntu 12.10~!

How to install zawgyi~@

# ubuntu မှာ installation လုပ်တဲ့အပိုင်းကို သူ့ရဲ့ Official site မှာတင်ထားပေးပီးသားပါ။ ver.9 — ထင်ပါတယ်။ လင့်ခ်ကတော့ဒီမှာပါ။

http://code.google.com/p/zawgyi-keyboard/

*Credit to –developer*

# အခုအချိန်မှာတော့ zawgyi_keyboard_0.3.3.tar.gz ထိပဲရှိပါသေးတယ်။ကဲ.. အဲတာကို ဒေါင်းလိုက်ပါမယ်။

# ဒေါင်းပီးသွားရင် terminal ထဲကနေ Download လုပ်ထားတဲ့နေရာကိုသွားပါမယ်။

> cd /> cd /home/ej/Downloads

# ပီးရင် tar command သုံးပြီး zip ဖြည်ချပါမယ်။

> tar zxf zawgyi_keyboard_0.3.3.tar.gz

# ပီးရင် zawgyi directory ထဲကို ထပ်ဝင်လိုက်ပါ၊ python script extension *py* နဲ့ဆုံးတဲ့ဟာကို *run* ပါမယ်။

> python zawgyi_keyboard.py

# option တွေကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်က install လုပ်မှာဖြစ်တဲ့အတွက်*i* ထည့်ရိုက်ပေးပါ။ installation ပြီးသွားတဲ့အချိန်ကျရင် စက်ကို effect ဖြစ်ဖို့ restart လုပ်ဖို့ inform ပေးပါလိမ့်မယ်။ reboot လုပ်ပေးလိုက်ပါ။

# ပြန်တက်လာတဲ့ အချိန်ကျရင် system setting ထဲကို သွားပါ။ Keyboard Layout ထဲကို ၀င်ပါ။ ဘယ်ဘက်ထောင့်စွန်းအောက်နားမှာ + sign လေးကို ကလစ်နှိပ်လိုက်ပါ။

# Choose a layout ဆိုတဲ့ Box လေးတစ်ခုတက်လာပါလိမ့်မယ်။ အဲဒီမှာ Burmese ဆိုတဲ့ဟာကို Add လုပ်ပေးပါ။ ဒါဆို ဘေးဘယ်ဘက် layout ဘက်မှာ Burmese ဆိုပီး လာပေါ်လာပါလိမ့်မယ်။

# layout change ဖို့အတွက် Key Sequence  ကို layout မှာ Burmese ကိုရွေးပီးတော့ option ကိုရွေးပေးပါ။ Key(s) to change layout မှာ ကိုယ်နဲ့အဆင်ပြေမဲ့ Key Sequence ကို ရွေးနိုင်ပါတယ်။