MySQL Replication

sqlreplicate

ခုရက်ပိုင်းပျောက်နေပြန်ပါပြီ။ မအားလပ်တာကတကြောင်း၊ 4Mbps Fiber Optics ကိုယ်တိုင်ကိုက SEA GAME အကြောင်းပြသဖြင့်လား၊ ဘာလားမသိပါ။ တခါ တခါ လုံးဝကို Request Time Out ကျသွားပါတယ်။ ငုတ်တုတ်ထိုင်နေရတဲ့ရက်က များပါတယ်။  IT Director က ကျွန်တော့်ကို MySQL Database Server ကို Sync လုပ်ရန် တာဝန်ပေးပါတယ်။ ဒီထဲမှာ အဲဒီအပိုင်းကိုပဲ တာဝန်ယူရပါတယ်။  ဒီထဲမှာ ဆိုတာက အမှန်က Database Server က Microsoft SQL Server ကိုသုံးထားပါတယ်။ အဲဒီ Database ကို opensource တခုဖြစ်တဲ့ MySQL ထဲကို ပြောင်းထဲ့ပါမယ်။ အဲဒီ MySQL Server ကိုမှ ကျွန်တော်က ရုံးက MySQL Server ထဲကို လှမ်းပြီးတော့ (Sync) Replicate လုပ်ပေးရမှာဗျ။ ကဲ.. စကြရအောင်။ အခြေခံတော့ရှိရမှာပေါ့ဗျာ။ ထပ်ပြောမနေတော့ပါဘူး။ကျွန်တော်က ရောသမမွှေ လုပ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေရင်ပြီးတာပါပဲ။ GUI ကော၊ CUI ကော ချမယ်နော်။ Ready !!!

ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် Server Site (Remote Site) နဲ့ Client Site ဆိုပီးခွဲပြောပါမယ်။ Server Site က Master Server ဖြစ်ပြီးတော့၊ Client Site ကတော့ Slave Server ပေါ့။ Master Server က DB တစ်ခုလုံးကို Slave Server က လှမ်းပြီး Sync လုပ်မယ်။ ဘယ် platform ပဲဖြစ်ဖြစ်ဒီနည်းသုံးလို့ရပါတယ်။ Linux ပဲဖြစ်ဖြစ်၊ Windows ပဲဖြစ်ဖြစ်ပါ။ သုံးတတ်ရင်လွယ်ပါတယ် :P(မသုံးတတ်ရင် မလွယ် ဘူးပေါ့)။ ကျွန်တော်လုပ်တုန်းကတော့ Master Server က Windows 7 ပါ။ Slave Server ကတော့ Ubuntu Server ပါ။ အဲ့တော့ကာ ပြောရင်ရှုပ်နေမှာဆိုးလို့ Windows to Windows ဟာပဲ ပြောပြပါမယ်။

# ပထမဆုံး XAMPP ကို Install လုပ်လိုက်ပါ။

# ပြီးတော့ phpmyadmin လည်းသုံးပါမယ်။ အဲ့ဒီအတွက်ကြောင့် MySQL Setting ကို နည်းနည်းပြင်ဖို့လိုပါမယ်။ XAMPP ရဲ့ default MySQL Password က blank ပါ။ အဲတော့ Security ရှိသွားအောင် Password ထည့်မယ်၊ပြောင်းပါမယ်။ ပြီးရင်အဲ့ပြောင်းထားတဲ့ Password ကို xampp\phpmyadmin\config.inc.php ထဲမှာ သွားပေးရပါမယ်။ နည်းနည်းတောင် အသေးစိတ်နေပါပီ။ တိုတိုပြောရရင် phpmyadmin သုံးလို့ရအောင် အရင်လုပ်ပါမယ်။ MySQL Server ကို stop အရင်လုပ်လိုက်ပါမယ်။

# အခုပြောနေတာ Master Server ဘက်ခြမ်းရော၊ Slave Server ဘက်ခြမ်းအထိပါ လုပ်ပေးရမှာပါ။ ကဲ… ပြီးရင် Master Server ဘက်ခြမ်းရဲ့ MySQL ကို Master ဖြစ်အောင် လုပ်မှာဖြစ်တဲ့အတွက် config ချပါမယ်။ အသေးစိတ်သိချင် ရင်တော့ official site မှာသွားဖတ်ကြည့်နိုင်ပါတယ်။

# XAMPP ရဲ့ MySQL Config ဆိုတာလေးကို ကလစ်တချက်နှိပ်လိုက်ပါ။ အဲဒီမှာ my.ini ဆိုတာလေးကို နှိပ်လိုက်ပါ။ notepad နဲ့တက်လာပါလိမ့်မယ်။

# အဲဒီမှာ [mysqld] section မှာ နှစ်ကြောင်းသွားရေးပါမယ်။ log-bin=mysql-bin နဲ့ server-id=1 ဆိုပီးသွားရေးပေးရပါမယ်။ နမူနာအောက်မှာပြထားပါတယ်။

# Here follows entries for some specific programs

# The MySQL server
[mysqld]
port= 3306
socket = “C:/xampp/mysql/mysql.sock”
basedir = “C:/xampp/mysql”
tmpdir = “C:/xampp/tmp”
datadir = “C:/xampp/mysql/data”
pid_file = “mysql.pid”
log-bin=mysql-bin
server-id=1

# ပြီးရင် save လိုက်ပါ။ log-bin=mysql-bin ဆိုတာက Master ဖြစ်ဖို့အတွက် binlogging က enable ဖြစ်နေရပါမယ်။ ဒါမှ Slave က Sync လှမ်းလုပ်တဲ့အခါကျရင် တိုက်ကြည့်စစ်ဆေးနိုင်အောင်အတွက်ဖြစ်ပါတယ်။ နောက်က server-id=1 ဆိုတာကတော့ ကျွန်တော်တို့ Computer မှာသုံးတဲ့ Internet Protocol (IP) နဲ့တူပါတယ်။ တစ်စက်နဲ့ တစ်စက် လှမ်းချိတ်ဖို့ IP လိုသလိုမျိုးပေါ့။ သူကတော့ server-id နဲ့သွားပါတယ်။ my.ini မှာ လုပ်ဖို့လိုတာဒါအကုန်ပါပဲ။

# သာမန်ဆိုရင်ပြောတာပါ။ တခြား အသုံးပြုလို့ရတဲ့ inno_db_flush ဆိုပီး အများကြီး ရှိပါသေးတယ်။ MySQL Server ကို start ပြန်လုပ်လိုက်ပါ။ မှားပြီး config ချမိရင် status မှာ နီနီစာသားတွေ ပေါ်လာပီး debug error ထုတ်ပြပါလိမ့်မယ်။

# Master ထဲက database တွေကို အရင်ဆုံး dump လုပ်ပါမယ်။ ပြီးရင် slave ထဲထည့်ဖို့ပေါ့။ dump လုပ်ရခြင်းအကြောင်းအရင်းကတော့ ခုနက Master ရဲ့ bin-log တွေနဲ့ tables postion စတာတွေကို slave မှာ connect မလုပ်ခင် တူနေဖို့အတွက်ပါပဲ။ MySQL ထဲကို ၀င်ပါမယ်။

# > myql -uroot -p

# database ကို လက်ရှိရှိနေတဲ့ tables position နဲ့ bin log မှာ ရပ်နေစေဖို့အတွက် lock ချပါမယ်။

# mysql > flush tables with read lock;

# mysql > show master status; ဆိုပီးလုပ်လိုက်ရင် master-log-file နဲ့ master-log-pos ရဲ့ data တွေကိုလာပြပါလိမ့်မယ်။ အဲတာတွေကို စာရွက်မှာ မှတ်လိုက်ပါ။ ဒါဆို အိုကေပါပီ။ပြီးရင်….

# quit နဲ့ထွက်လိုက်ပါ။ စတင်ပြီး dump လုပ်ပါမယ်။

> mysqldump -uroot -p –all-databases –master-data > fulldb.db

ဆိုပီး shell ထဲမှာ Enter ခေါက်လိုက်ပါ။ ဒါဆို shell ရဲ့ path လမ်းကြောင်းထဲမှာ ခုနက dump ဒေတာ ရောက်ရှိနေပါလိမ့်မယ်။ ပြီးရင် lock ပြန်ဖြည်ပေးရပါမယ်။ ကျွန်တော်ကတော့ slave server ဘက်ခြမ်းမှာ db ကို execute လုပ်ပြီးမှ unlock tables; လုပ်ပါတယ်။ error တက်ဖူးထားလို့ပါ 😛

> unlock tables;

# ဒါဆိုရင်တော့ Master ဘက်အခြမ်းကပြီးသင့်သလောက်ပြီးပါပြီ။ ကိုယ့်ကို လာချိတ်ထားတဲ့ slave host ကို ကြည့်တာလောက်ပဲ ကျန်ပါတော့တယ်။

# Slave ဘက်အခြမ်းကို သွားကျအုံးစို့။ ခုနက Master အတိုင်း my.ini မှာ နှစ်ခုပဲ သွားပြင်ပါမယ်။ ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ server-id ပါ။ မတူတာပေးလိုက်ပါ။ ကျွန်တော်ကတော့ server-id=2 လို့ပေးပါတယ်။ပြီးရင် report-host ထည့်ပါမယ်။ အဲဒီလိုထည့်ပါမှ phpmyadmin မှာတက်ကြည့်ရင်ပေါ်ပါလိမ့်မယ်။ report-host=sql-slave ပေါ့။ (sql-slave) ဆိုတာ local မှာဆိုရင်တော့ computer name ပေါ့၊ Internet မှာဆိုရင်တော့ Host Name ပေါ့ဂျာ။ (မောလိုက်တာ…   :P)

# ကဲ.. ပြီးရင် ခုနက Master Server က dump ကို Slave Server ထဲ Execute လုပ်ပါမယ်။

> mysql -uroot -p < fulldb.db

ဒါဆိုရင် Master Server ထဲက db တွေ အကုန်ရောက်ကုန်ပါပီ။ Master Server ကိုချိတ်ဖို့အတွက် လိုအပ်တဲ့ MySQL Entry တွေရိုက်ထည့်ရပါဦးမယ်။ Master Server မှာပေးထားတဲ့ password ပါဖြစ်သွားပါမယ်။ လိုအပ်တဲ့အတွက် MySQL Service ကို restart လုပ်ပေးသင့်ရင် လုပ်ပေးပါ။

# mysql> use mysql;

# mysql> change master to

> master_log_file = ‘mysql-bin.0004’ ,

> master_log_pos = 199;

ဆိုပီး ခုနက Master Server မှာ Show Master Status လုပ်တုန်းက ပေါ်လာတဲ့ entry တွေကို ထည့်ပေးရပါမယ်။ ကျွန်တော်ခုထည့်ထားတဲ့ဟာက အစမ်းပါ။ ကိုယ့်ဖာသာပေါ်လာတဲ့ဟာကို ပြောင်းထည့်ပေးရပါမယ်။

# ပြီးရင် Master Server ကိုသွားလိုက်ပါ။ phpmyadmin သုံးပါမယ်။

# ၀င်ဝင်ချင်းမှာပဲ Replication ဆိုတဲ့ Tab ကိုရှာလိုက်ပါ။ မတွေ့ဘူးဆိုရင်more နဲ့ ဆက်ကြည့်ပါ။ ပြီးရင် နှိပ်ပါ။

# Master Replication ဆိုတဲ့နေရာမှာ ပေါ်နေမှာဖြစ်ပါတယ်။ Replication User တစ်ခုဆောက်လိုက်ပါ။ အဲဒီအကောင့်နဲ့ Slave Server မှာ phpmyadmin ဆက်သုံးပါမယ်။

# Slave Server မှာလဲ ခုနအတိုင်းလုပ်ပါ။ ဒါပေမဲ့ ချိတ်ရမဲ့ host, username, password တို့လာတောင်းပါလိမ့်မယ်။ host ကတော့ Master Server ရဲ့ name  ပေါ့။ username ကတော့ ခုနက Master မှာလုပ်ခဲ့တဲ့ Replication အကောင့်ပါ။ ပြီးရင် GO လိုက်ပါ။

# shell ထဲက၊ MySQL prompt ထဲကနေ …

# mysql > start slave; ဆိုပီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် စတင် အလုပ်လုပ်ပါပြီ။

# phpmyadmin မသုံးချင်ဘဲ CUI သမားများကတော့ ခုနက change master to ဆိုတဲ့နေရာမှာ master-host, master-user, master-password ဆိုပီးထည့်နိုင်ပါတယ်။

# report-host ထည့်ထားတဲ့အတွက်ကြောင့် phpmyadmin မှာ slave host ဆို ပီးပြနေပါလိမ့်မယ်။

# Slave Server ကနေ Master Server ဆီ အလုပ်၊လုပ်မလုပ် လှမ်းကြည့် လို့ရပါတယ်။

# mysql > show slave status\G; ဆိုပီး Enter ခေါက်လိုက်ပါ။

master-host ဆိုတဲ့ နေရာမှာ Waiting for sync from master server လို့ပေါ်နေရင် အိုကေနေပါပြီ။

# Master Server ကနေလဲ ကိုယ့်ဆီ Connected ဖြစ်နေတဲ့ Slave ကိုကြည့်လို့ရပါတယ်။

# mysql > show slave hosts;

ဒါဆိုရင်တော့ Master Server ဆီက ဘယ် Database ပဲ create လုပ်လုပ်၊ drop လုပ်လုပ် အမြဲတမ်း Sync ဖြစ်နေတဲ့အတွက်ကြောင့် Slave Server ဆီမှာ effective ဖြစ်နေမှာပါ။ 🙂

Open Point of Sale System – Myanmar (PHP)

prnscr

ဒီရက်ပိုင်း Post အသစ် မတင်ဖြစ်တာကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ကာ မီးပျက်ရခြင်း (အဲလေ) Project တစ်ခု စမ်းသပ်နေလို့ပါ။ လိုအပ်ချက် တခုကြောင့် Point Of Sale System နဲ့ပတ်သက်ပြီး လေ့လာနေလို့ပါ။ Notes အနေနဲ့ပဲ ဆိုတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ အခြေခံ Linux knowledge, Apache, MySQL, PHP နဲ့ shell command တွေ သိထားဖို့လိုပါတယ်။ လိုအပ်တာနဲ့ ထိရောက်တဲ့ cofig ဖိုင်တွေကို ချပြပေးသွားပါမယ်။ ပီးတော့ Open source ဖြစ်တဲ့အတွက် မူရင်း English version နဲ့ ကျွန်တော် Modify လုပ်ထားတဲ့ မြန်မာ version ကိုပါ လင့်မှာ တင်ပေးပါ့မယ်။

Thanks & Credit to *Developer* …

Def: of Point of Sale System

                  Point of Sale System ကို စူပါမားကတ်တွေ၊ ဈေးဆိုင်တွေမှာသုံး ကျပါတယ်။ တော်တော်များကတော့ License နဲ့ဟာတွေဖြစ်ပါတယ်။ နိုင်ငံခြား အရည်အသွေးမြင့် တော်တော်များများရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကောင်းပေ့၊ ဆိုပေ့ ဆိုပြီး အသုံးပြုနေကျတာတော်တော်များ ရှိပါတယ်။ အဓိကကတော့ သူတို့ကို မကြိုက်လို့ စမ်းသုံးကြည့်ချင်တဲ့ လူများအဖို့ပါ။ ပိုက်ဆံလည်းမကုန်ပါ။ ၀ယ်သုံးတဲ့ အတိုင်း Feature တွေ စုံပါတယ်။

ကဲ .. စတင်ကြပါစို့။ ဥပမာပေါ့ဗျာ… ကျွန်တော်က စတိုးဆိုင်တစ်ခု ကို လုပ်ပေးဖို့ တာဝန်ကျတယ်။ အဲဒီဆိုင်မှာ ပစ္စည်းတွေက စုံတယ်။ အများကြီးဘဲ။ အဲတာ ကို စုပီး မှတ်ထားဖို့က စာရင်းလုပ်ထားဖို့လိုတယ်။ ကွန်ပျုတာမှာလည်း အဲ့လို့ပဲ။ အဲဒီအတွက် Database Server တော့လိုတယ်။ ပြီးတော့ အခုလုပ်မဲ့ဟာက browser base ဖြစ်တဲ့အတွက် Web Server လည်း လိုတယ်။ အဲဒီတော့ သွင်းရမှာပေါ့ ဗျာ 😀 ။ ကျွန်တော်က တော့ XAMPP ဘဲ အားကိုးလိုက်ပါတယ်။ ကြိုက်တဲ့ဟာ သွင်းချင်လည်း သွင်းပါ။ browser ကိုပြောတာနော်။ ကိုယ့်လူ .. ။

၁။ ပစ္စည်းတွေကို သိမ်းဆည်းမှတ်ဖို့ရာ  db လိုတယ်။ အဲ့ဒီအတွက် MySQL

၂။ MySQL ထဲမှာ DB တစ်ခုအရင်ဆောက်။ ကျွန်တော်ကတော့ pos လို့ပေးတယ်။

၃။ ဒေါင်းထားတဲ့ဟာကို ဖြည်ပြီး opensourcepos\database အောက် database.sql ကို Execute လုပ်ပေးပါ။

၎။ ကျန်တဲ့ opensourcepos အောက်က ဖိုင်တွေကို Web Server ဆီ Upload လုပ်မယ်။

၅။ opensourcepos\application\config\database.php.tmpl ကို database.php ဆိုပီး rename လုပ်ပေးပါ။

၆။ ပြီးရင် notepad နဲ့ပဲ ဖြစ်ဖြစ်၊ Linux သမားဆိုရင် nano နဲ့ပဲဖြစ်ဖြစ် database.php ကို ခေါ်တင်ပြီးတော့ database name, username, password တွေကို ချိတ်ဆက်ဖို့ အတွက် ထည့်သွင်းပေးပါ။ save မှတ်ပါ။ ဒါမှ MySQL db ကိုချိတ်ဆက်မှုရမှာပါ။

၇။ Browser ထဲကနေ localhost  ကို ခေါ်ကြည့်လိုက်ပါတော့ ။

ဒါဆိုရင် ပြီးပါပြီ။

မူရင်း sourceforge ကနေ ဒေါင်းလည်း ရပါတယ်။

http://sourceforge.net/projects/opensourcepos/

မြန်မာ version ကတော့ အခု Post ရေးနေတဲ့အချိန်အတွင်းမှာ Login Page အထိပဲ

ရွှိုင်းထားရပါသေးတယ်။ အလုပ်လည်း တဖက်မို့ပါ။ နောက်အချိန်ရရင် zip ပြန်ချုံ့ပီး  လင့်ခ်ပေးသွားပါမယ်။

 

How to install ejabberd server ~~!

ပထမဆုံး ejabberd server ကိုအရင်သွင်းပါမယ်။

>apt-get install ejabberd

ပီးရင် service stop ပါမယ်။ နည်းနည်းပြင်ချင်လို့ပါ။

>service ejabberd stop

ပီးရင် /etc/ejabberd/ejabberd.cfg ကို nano ခေါ်ပြီး လိုအပ်တာလေးတွေပြင်ပါမယ်။

%% Admin user
{acl, admin, {user, "teddy"}}.
%% Hostname
{hosts, ["localhost", "ubuntu"]}.

#User ဘေးနားက ‘teddy’ ဆိုတာက admin name ပါ။ ကြိုက်တာပြောင်းလို့ရတယ်

# Hosts ဘေးနားက ‘localhost’ , ‘ubuntu’ ဆိုတာက ကိုယ့်စက်ရဲ့ hostname ပါ

ပြီးရင် save ပါ။ service ပြန် Run ပါမယ်။

>service ejabberd start

ခုနက ကိုယ်ထည့်လာတဲ့ အကောင့်ကို Register လုပ်ပါမယ်။

>ejabberdcl register teddy ubuntu password

# register ဘေးနားက teddy က ခုနက အကောင့်နာမည်ပါ။

# teddy ဘေးနားက hostname ပါ။

# password ကတော့ ကိုယ့်အကောင့်ရဲ့ လျှို့ဝှက်နံပတ်ပါ။

ဒါဆို အကောင့်အောင်မြင်စွာ လုပ်ပြီးကြောင်းစာတက်လာပါလိမ့်မယ်။

ဒါဆို အဆင်ပြေသွားပါပြီ။ လူတိုင်း Register လုပ်နိုင်ဖို့အတွက် ခုနက ejabberd.cfg

ထဲမှာ deny all ကို access all လုပ်ပေးလိုက်ရင် အကုန်လုံး လုပ်လို့ရသွားပါလိမ့်မယ်

User Account Control and Samba File Server – Part I

မနေ့က ရုံးကအင်တာနက်လိုင်းကို Service လုပ်နေလို့ ဘာမှ အလုပ်မဖြစ်လိုက်ဘူး။

ကဲဒီနေ့တော့ Samba File Server နဲ့ User Account နဲ့ကို Sync လုပ်ပီး User Management လုပ်နည်းကို Notes ထုတ်သွားပါမယ်။

ပထမဆုံး Install လုပ်မယ်။ ဘာကြောင့်လဲဆိုတော့ System Users တွေကို Samba User Database ထဲကို Sync လုပ်ဖို့အတွက် Package ထည့်ရပါမယ်။

>apt-get install libpam-smbpass

သူ့ဖာသာ သွင်းသွားပါလိမ့်မယ်။ မဟုတ်ရင်လည်း စတင်သွင်းစဉ်ကတည်းထည့်နိုင် ပါတယ်။

User Authenticate လုပ်ဖို့အတွက် /etc/samba/smb.conf မှာ နှစ်ခုသွားပြင်ရပါ မယ်။

[global] Section မှာက – security = user ဆိုပီး ချိန်းပေးရပါမယ်။

[share] Section မှာက – guest ok = no လုပ်ပေးရပါမယ်။ ဒါဆို Authenticate လုပ်ခိုင်းပါလိမ့်မယ်။

တစ်ခုခု ပြင်ပြီးတိုင်း service restart လုပ်ဖို့မမေ့ပါနဲ့။

ကဲဒီနေ့တော့ ဒီလောက်ပါပဲ…မနက်ဖြန်ကျရင် System Users ပိုင်းကို ဆက်ရေးပါ့မယ်။

How to install Samba File Server ~!

ကဲ..ဒီနေ့တော့ သူငယ်ချင်းတယောက်က အကူအညီတောင်းလို့ ကျွန်တော် Samba File Server သွင်းပုံနဲ့ Standard Share အကြောင်း Post တင်ဖို့ စဉ်းစားထားပါတယ်။

ပထမဆုံး terminal ထဲမှာ –

>apt-get samba

ဆိုပီး ရိုက်ထည့်လိုက်တာနဲ့ စတင်သွင်းပါလိမ့်မယ်။

ပြီးရင် initial Config ချပါမယ်။

>nano /etc/samba/smb.conf

အဲဒီထဲမှာ [global] လို့ လေးထောင့်ကွင်းပြထားတဲ့ဟာရှိပါတယ်။

[global]

workgroup = example

……

security = user ဆိုပီး ရှိပါတယ်။ ကျွန်တော်က Standard Share ပဲ လုပ်မယ်ဆိုတဲ့အတွက်ကြောင့် user ကို share ဆိုပီး ပြောင်းပေးပါ။

ပီးရင် [share] လေးထောင့်ကွင်းကို ထပ်ရှာပါ။ တချို့ Comment တွေကို ဖျက်ပီး modify လုပ်လိုက်လည်းရပါတယ်။ အဆင်ပြေသလိုပေါ့ဗျာ။

[share]

comment = Dell Inc. Cop Share Server

path = /mnt/dell

browseable = yes

guest ok = ok

read only = no

create mask = 0755

ကဲ..ပြီးပါပြီ။

comment ကတော့ ဘာဘာညာညာပေါ့ဗျာ၊ အမှတ်အသားလေးတခုပေါ့ကိုယ်ရှယ်မဲ့

path ကတော့ လမ်းကြောင်းပေါ့ ဘယ် အောက်မှာဆိုတဲ့ဟာ

browseable ကတော့ Windows Explorer ကနေကြည့်လို့ရအောင်

guest ကတော့ အသုံးပြုသူတွေကို password ထည့်ပေးစရာမလိုအောင်၊

ဒါပေမဲ့ ခုနက security = share ပါလုပ်ထားမှပါ။ အဲ့လိုမဟုတ်ဘဲ user ဖြစ်နေရင်

စ၀င်ဝင်ချင်း တခေါက်တော့ လာတောင်းပါတယ်၊ ကြိုက်တာထည့်ပေးလို့ရပါတယ်။

create mask ကတော့ permission သတ်မှတ်ပေးတာပါ။

လုပ်သာလုပ်နေတာ ရှယ်မဲ့ ဖိုင်က မဆောက်ရသေးဘူးလေ။ ဆောက်လိုက်ကြပါစို့

In Terminal

>cd /mnt

>mkdir -p dell

>chown nobody.nogroup dell

ပီးရင် service restart ချပါမယ်

>service smbd restart

How to install Apache, MySQL & PHP

# အရင်ဦးဆုံး sources တွေကို Update လုပ်ပါမယ်။

>apt-get update

ပြီးရင် Apache ကို install လုပ်ပါမယ်။

>apt-get install apache2

Server ရဲ့ web content တွေကတော့ /var/www အောက်မှာပါ။

configuration file ကတော့ /etc/apache2/httpd.conf မှာ သွားပြင်လို့ရပါတယ်။ တခုခုပြင်ပီးသွားရင် Service ကို restart/stop ချဖို့ မမေ့ပါနဲ့။

>service apache2 restart

ဒီတခေါက်အလှည့်ကတော့ MySQL ပါ။

>apt-get install mysql-server

သွင်းနေတဲ့အချိန်မှာ username ရယ် passcode ရယ် လာတောင်းပါလိမ့်မယ်။

Connection အခြေအနေကို သိချင်လို့ရှိရင် Terminal ထဲမှာ —

> /etc/init.d/mysql status

နောက်ဆုံးကတော့ PHP ပေါ့။ သူ့ကို ကျွန်တော်က MySQL ထဲကို Integration တခါတည်းလုပ်ပါမယ်။

>apt-get install php5 php5-mysql

ကဲ..ဒါဆိုရင်တော့ Apache, MySQL & PHP သွင်းလို့ပီးပါပီ။

သူတို့တွေ တခုနှင့်တခု ကောင်းမွန်စွာချိတ်ဆက်ပီး အလုပ်လုပ်နိုင်ခြင်းရှိ၊မရှိကို phpinfo script နဲ့ စစ်ပါမယ်။

In Terminal …

>mkdir /mnt/ejnetwork

>cd /mnt/ejnetwork

>touch ejnetwork

>nano ejnetwork

ဒါဆိုရင် edit လုပ်လို့ရပါပီ။ PHP  သမားတွေကတော့ ဒါကိုသာသာလေးပါပဲ။ Network Engineer တွေကတော့ ဒါကို အလွတ်ကျက်ထားသင့်ပါတယ်။

<?php

phpinfo();

?>

save တဲ့အချိန်ကျရင် ejnetwork နောက်မှာ extension (.php) ထည့်ပေးပါ။

ပြီးရင် အဲဒီဖိုင်ကို /var/www အောက်ကိုထည့်ပါ။

ထည့်လို့အဆင်မပြေရင် Permission ပြုလုပ်ပေးရပါမယ်။

>cd /var/www

>chmod 777 /var/www

ကဲ..ဒါဆို browser ကနေ.. http://localhost/ejnetwork.php ဆိုရင် information page တက်လာပါမယ်။ ဒါဆို O.K ပီပေါ့။

 

Change MAC Address Via CLI

အဓိကက တော့ Security သမားတွေအတွက်ပါ။

ပြီးတော့ MAC Address နဲ့ Filtering လုပ်ထားတာ မှန်သမျှအတွက် ဒါလေးလုပ်လိုက်ယုံနဲ့ အဆင်ပြေပါတယ် ။ (Spoofing)

ချိန်းဖို့အတွက်  Terminal ခေါ်ရပါမယ်…

In terminal …

>sudo bash

>ifconfig eth0 down

>ifconfig eth0 hw either *MAC*

>ifconfig eth0 up